တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ  ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာမ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ ရေးသားထားသည့် “နှလုံးသားဖြင့် နားဆင်ပါ” စာအုပ်ကို ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ထိုစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည် မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာမ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ ရေးသားထားသည့် “နှလုံးသားဖြင့် နားဆင်ပါ” စာအုပ်တွင် ပါရှိသော ခက်ခဲလှသည့် ရွေးချယ်မှု၊ ပထမဆုံး ခြေလှမ်းသစ်၊ ငါ့စိတ်နှလုံးထဲက Sound Box၊ အတွေးများ၏ ပြောင်းလဲမှတ်၊ စစ်မှန်သော နားလည်မှုဟူသည်၊ စိတ်နှလုံးကို ရရှိနိုင်သော အသိဉာဏ်ပညာ စသည့်ခေါင်းစဉ်များ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်