သံတောင်ကြီးမြို့နယ်ဖယ်ဖိုးကျေးရွာတွင်ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မှု(၄၀)ရာခိုင်နှုန်းပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ဖယ်ဖိုးအထက်ကျေးရွာသို့ ယမန်နေ့နေ့လည်(၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင် စပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။