သရက်မြို့၌ ဆင်ဖြူတော်ဘုရားကြီးနှင့် သဗ္ဗသုခစေတီတော်တွင်ဒုတိယညအဖြစ် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်

သရက် နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်တော်အေးရပ်ကွက်အတွင်းရှိ ဆင်ဖြူတော်ဘုရားကြီးနှင့် သဗ္ဗသုခစေတီတော်တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်းကို ယမန်နေ့ ည (၇)နာရီက ဆီမီးတစ်ထောင် ထွန်းညှိပူးဇော်ခဲ့ကြသည်။

ထိုသို့ဆီမီးတစ်ထောင်ထွန်းညှိ ပူဇော်ရာတွင်အလှူရှင်စေတနာရှင်များပေါင်းစု၍ အလှူရှင်များနှင့် အတူ ဘုရားဖူးလား ပြည်သူများက ဆီမီးများကပ်လှူ ပူဇော်ခဲ့ကြသည်။ ယနေ့ ဆီမီးတစ်ထောင် ထွန်းညှိ ပူဇော်ခြင်းသည် ဒုတိယနေ့အဖြစ် ပူဇော်ခြင်းဖြစ်ကာ နောက်နှစ်များတွင်လည်း ယခုထက်၍ ပူဇော်န်ုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)