သံတောင်ကြီး နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ဖယ်ဖိုးအထက်ကျေးရွာသို့ ယမန်နေ့နေ့လယ်(၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင် စပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ်(၇၀၉)သိန်းဖြင့် မြေသားကုန်ထုတ်လမ်းတစ်မိုင် ဆောင်ရွက်နေသည့် ဖယ်ဖိုးအထက်ကျေးရွာကို တင်ဒါအောင်မြင်သည့် Megagynamic ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး နိုဝင်ဘာလပထမပတ်တွင် လုပ်ငန်းဆောင်ရွက်မှု(၄၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး ထံမှသိ ရသည်။
နော်နော်မူ