ငါးသိုင်းချောင်း နိုဝင်ဘာ ၉
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ လူငယ်လူရွယ်များ ဗဟုသုတဖလှယ်သည့် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးဖြစ်သည့် လူငယ်လူရွယ်များအား အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အလုပ်လုပ်သည့်အခါအချိန်နှင့် ငွေကြေးကို စီမံခန့်ခွဲတတ်စေရန်၊ စိတ်စေတနာကောင်းမွန်ပါက တူသောအကျိုးကို ခံစားကြရမည်ဖြစ် ကြောင်းတို့ကို ပြန်/ဆက်ဦးစီးမှူးက စတင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် လူငယ်လူရွယ်များက တစ်ဦးချင်း လေ့လာသိရှိထားသည့် ဗဟုသုတအကြောင်းအရာများနှင့် အနာဂတ်ရည်မှန်းချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုလို ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းအားဖြင့် စာဖတ်သည့် အလေ့အထများရရှိလာစေခြင်း၊ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာစေခြင်း၊ လူငယ်များ၏ အတွေးအခေါ် စိတ်ဆန္ဒတို့ကို သိရှိရသဖြင့် လမ်းမှန်သို့ ညွှန်ပြပေးနိုင်ခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်များနှင့် ပတ်သက်၍ အလုပ်အကိုင် အခွင့်အရေးများအကြောင်းကို ဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆွေးနွေး တိုင်ပင်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိလာစေမည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)