မအီမြို့၌ အံတော်သိမ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်  ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် ၇ ရက်သား သမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်၌ တည်ထားကိုးကွယ်သည့် အံတော်သိမ်စေတီတော် ထီးတော်တင်မင်္ဂလာပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၇) ရက်နေ့ နံနက်(၉)နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။

သာပေါင်းမြို့နယ်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ဆီမီးထွန်းညှိ့ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးများ၊ ပဒေသာကပွဲများဖြင့် အေးချမ်းပျော်ရွှင်စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေခင်းအချိန်မှစတင်၍ ရပ်ကွက်လမ်းများအလိုက် ဆီမီးထွန်းညှိ့ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးများနှင့် ပဒေသာကပွဲများဖြင့် အေးချမ်းပျော်ရွှင် စည်ကားစွာ ဆင်နွဲလျက်ရှိသည်။

လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့ ပဲခူး-ရန်ကုန်လမ်းမကြီး တစ်လျှောက်တွင် ဆောင်ရွက် ခဲ့သည်။

ထားဝယ်မြို့တွင်အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  ထားဝယ်မြို့၊      တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွား၍ တစ်ပိုင်တစ်နိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းငယ်(Micro)များ ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် MSME Association (နေပြည်တော်)တို့ ပူးပေါင်း၍ တန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်‌တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

ညောင်တုန်းမြို့တွင် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်း၊ မြို့ပြင် ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရာ အမှတ် (၁)ရပ်ကွက် ယာယီစံကျောင်း‌မှ အပူဇော်ခံထားရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများအား နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့တွင်း၊ ဒေသစာရီကြွချီ လှည့်လည် အပူဇော်ခံခဲ့သည်။

မိုင်းရယ်မြို့တွင် မျိုးစေ့ထုတ် ဆင်းရွှေကြာ-၂ စံပြစိုက်ကွက်အား ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ ဆီထွက်သီးနှံဖြစ်သည့် နေကြာကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများ အကျိုးပြုဖြစ်ထွန်း စေရန်ရည်ရွယ်၍ မျိုးစေ့ထုတ် ဆင်းရွှေကြာ စံပြစိုက်ကွက်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း မျိုးစေ့ထုတ် ဆင်းရွှေကြာ-၂ စံပြစိုက်ကွက်တွင် ပြုလုပ်သည်။

မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယမန်နေ့ညနေ ၄ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မီးသတ်ဦးစီးဌာန၊ အ.မ.က(ကြာဖူးငုံ)နှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
Subscribe to