တံတားဦးမြို့တွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးဟောပြော

တံတားဦးခရိုင် တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၁)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

နတ်တလင်းမြို့နယ်၌ (၅၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၅၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့နေ့လယ် ၁နာရီအချိန်က ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့ယာဥ်များ စီးနင်းမောင်းနှင်မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဥ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ နေရာများနှင့် ယာဥ်သွားလာမှု များပြားသောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လောင်းလုံးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးအထွက်နှုန်းတိုးတက်စေရန် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့၊ (က)ရပ်ကွက်နေ တောင်သူဦးသီးညွှန့်၊ လယ်ခင်းတွင်ပြုလုပ်ကြောင်း သိရသည်။

ကျိုက်လတ် မဟာအတုလမြတ်မုနိံ ရပ်တော်မူဘုရားကြီး၌ တန်ဆောင်တိုင်ဆီမီး (၅၀၀၀) ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ (၂)ဖြတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော မဟာအတုလမြတ်မုနိံ ရပ်တော်မူဘုရားကြီးတွင် တန်ဆောင်တိုင်ဆီမီး (၅၀၀၀) ပူဇော်ပွဲကို မြန်မာ့ရိုးရာ အစဥ်အလာမပျက် ကျင်းပခဲ့သည်။

မိတ္ထီလာခရိုင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲရုံများလျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

မိတ္ထီလာခရိုင်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲရုံများလျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင် ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးအောင်မိုးမြင့်၊  ဦးအောင်စောဝင်း၊ ဦးဘရန်ရှောင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းအေး၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင်  စက်ရက်ကန်း စက်မောင်း/စက်ပြင်  စက်မောင်း/စက်ပြင်သင်တန်း  ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။  

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဆက်လက်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
Subscribe to