မိုင်းခုတ်မြို့၊ ဝမ်ကတ်ဘုန်းကြီးကျောင်း၌ စုပေါင်းကထိန်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းခုတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာနေ ဒေသခံပြည်သူများ စုပေါင်း၍ ကထိန်ပဒေသပင်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ဆရာတော်၊ သံဃာတော်များအား နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက  ဩကာသ ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူ ဆောက်တည်သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ကထိန်အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များအား အလှူရှင်အပေါင်းက သိမ်ဆင်း ဆွမ်းလောင်းလှူကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)