မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နွားမေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာ ပြုလုပ်ခြင်းသင်တန်း( ၂/၂၀၂၂ ) ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွားမေထုံမဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာ အချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက  အခြေခံပညာမူလတန်းကျောင်း (အ.မ.ကသိမ်ကြီးရိုး)သို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ​ပေး​ဟော​ပြောပွဲနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့ နေ့လယ် (၁၃)နာရီအချိန်က မာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်၊ မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမင်းအောင်၊ ခရိုင်ပညာ​ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ​ကျောင်းအုပ်ကြီးတို့မှ ကမာရွတ်မြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ အ.ထ.က (၃)အ​ခြေခံ​ကျောင်း၌ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပေး ခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်အဝေးခန်းမ၌ ကျင်းပရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ မဒေါ့ပင်ကျေးရွာ မိုးစပါးဧက (၁၀၀) စံပြကွက် ရိတ်သိမ်းမှု ကြည့်ရှု့အားပေးပြီး နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် တောင်သူများအား မျိုးစေ့များ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာရှိ မိုးစပါးဧက ၁၀၀ စံပြကွက်ရိတ်သိမ်းမှု အခြေအနေကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှု့အားပေးပြီး တောင်သူများအား နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။

မိုင်းယောင်းတွင် ကထိန်အလှူမင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း၌ ယမန်နေ့က ကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၇၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများဖြစ်သည့် အ.မ.က(၃)၊ အ.မ.က(၁၄)နှင့် အ.လ.က(၄)တို့ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ(၁၇၈)ဦးအား အဆိုပါကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer)ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစား သောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကော့လှိုက်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မကူးစက်နိုင်သော ရောဂါ ကုသမှုဆေးခန်း (Non-communicable disease (NCD) Clinic ဖွင့်လှစ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မကူးစက်နိုင်သောရောဂါ ကုသမှုဆေးခန်း Non-communicable disease (NCD) Clinic ကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
Subscribe to