အောင်လံမြို့၌ ချည်မျှင်ရှည်ဝါအထွက်နှုန်းမြင့်မားရေးနှင့် ဝါဂွမ်းအရည်အသွေးကောင်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ချည်မျှင်ရှည်ဝါအထွက်နှုန်းမြင့်မားရေးနှင့် ဝါဂွမ်းအရည်အသွေးကောင်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အောင်လံမြို့ ဝါသီးနှံမျိုးသန့်ခြံတွင် ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အခြေခံမြားပစ်သင်တန်း ဖွင့်လှစ်ပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံမြားပစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီခွဲက စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (တန်ဆောင်မုန်းလဆုတ်၁၀ရက်နေ့)တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယ‌မန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ပြည်မြို့တွင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် (၁၂၃)ကြိမ်မြောက်ဗုဒ္ဓမြတ်စွယ်တော် (၁၂၃) ‌ကြိမ်မြောက်ဖွင့်လှစ်အပူဇော်ခံ‌ အောင်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် (၁၂၃)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် (၁၂၃) ‌ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံ‌ အောင်ပွဲအခမ်းအနားကို နိုဝင်ဘာ၉ရက် ယမန်နေ့ည ၇ နာရီက စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပခဲ့ရာ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များ၊ ဝါတွင်းနိဗ္ဗာန်‌ဆော်အဖွဲ့နှင့်ဝတ်အသင်းများ တက်ရောက်သည်။

မအူပင်မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးအတွင်း ယမန်နေ့က ကျင်းပ‌ဆောင်ရွက်ခဲ့သည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာ‌ရေးဌာနတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။ 

မောက်မယ်မြို့၌ ဆောင်းတွင်း ရှမ်းရိုးရာကောက်ညှင်း ကျည်တောက် ပြုလုပ် ရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဆောင်းတွင်းရှမ်းရိုးရာ ကောက်ညှင်း ကျည်တောက် ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
Subscribe to