ကျောက်တန်း နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/ မရှိ နှင့်နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇နာရီခွဲမှ ၉နာရီအထိ ကျောင်တန်းမြို့နယ် မြို့မစျေးရှေ့၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမင်းဇော်၊မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးရန်နိုင်စိုး မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေ နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း၍ ကျောက်တန်းမြို့မစျေးတွင် ဖြတ်သန်းသွားလာကြသော မော်တော်ယာဉ်များ၊ ဆိုက်ကားများ၊ စက်ဘီးများ၊ သုံးဘီးဆိုင်ကယ်များ၊ ဂွန်ဒေါင်းများပေါ်တွင် စီးနင်းလိုက်ပါလာကြသည့် ခရီးသွား ပြည်သူများနှင့်လမ်းသွားလမ်းလာများတွင်နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စက်ဘီးများ မော်တော်ယာဉ်များ၊ ဆိုက်ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဂွန်ဒေါင်းများ မောင်းနှင်သူများအားယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်