မင်းလှမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

မင်းလှ နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းနိုင်က ကလေးသူငယ်များအတွက် ပညာပေးသင့်သည့်လုပ်ငန်းအစီအစဉ်များနှင့် ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍လူမူဝန်ထမ်းဦးစီးဌာန၊ သာယာဝတီခရိုင်လူမူဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်မြတ်မြတ်စိုးက မင်းလှမြို့နယ်အတွင်း ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာနှင့်ပတ်သတ်၍ ဆောင်ရွက်ထားခြင်းနှင့် မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူးဒေါ်မို့မို့အေးက မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များက ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့်အထွေထွေကိစ္စရပ်များကို အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)