အင်းစိန်မြို့နယ်၌ အသက် (၅) နှစ်မှ (၁၁) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးများထိုးနှံ‌

ရန်ကုန် နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများကို သက်မှတ်ထားသည့် နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးထိုးနှံ‌ပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများက  အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်းကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး Germany နိုင်ငံထုတ် Pfizer ကိုဗစ် ကာကွယ်ဆေးကို (၁.၁၁.၂၀၂၂)ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံလိုလျှင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးများ ကျောင်းပြင်ပ ကလေးများကို (မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် စာရင်းသွင်းပြီး)နှင့် ကျောင်းနေသော ကလေးများကို (မြို့နယ်ပညာရေးမှူးရုံးတွင် စာရင်းပေးပြီး)  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် လာရောက်ထိုးနှံနိုင်ပါသည်။

အဆိုပါ ကာကွယ်ဆေးကို ပထမအကြိမ် ဆေးထိုးပြီး ၂၁ ရက်ခြား၍ ထပ်မံထိုးနှံရမည် ဖြစ်ပါသည်။ ဖျား‌နေသည့်ကလေးများ၊ အတက်ရောဂါရှိသည့် ကလေးများနှင့် မွေးရာပါနှလုံးရောဂါရှိသည့် ကလေးများ၊ တခြားကိုဗစ် ကာကွယ်ဆေး ထိုးနှံထားသူများကို ထိုးနှံခြင်းမပြုရပါ။ ဆေးကို ပထမဆုံးအကြိမ်သာထိုးနှံပေးပြီး BOOSTER အနေဖြင့် ထပ်မံမထိုးနှံရကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)