ကျောက်ကြီး နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အောင်သုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စိန်ပန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်မှ ငွေကျပ် ၃၀,၂၉၀,၀၀၀/-(ကျပ်သုံးရာနှစ်သိန်းကိုးသောင်းကျပ်)ဖြင့် စိန်ပန်းလမ်းပေအရှည်(၈၂၅)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၈)လက္မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းများအပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အဆိုပါလုပ်ငန်းများပြီးသွားပါက ရပ်ကွက်နေဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
မြို့နယ်ပြန် /ဆက်