ငဖဲမြို့နယ် ရုံးရှေ့မြေစိုက်ဘုတ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ လစဉ်ပုံမှန် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအနေဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေ တိုးပွားလာစေရေးတို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ သုတ၊ ရသစာပေများကို အခမဲ့ငှားရမ်းပေးသည်။

လှိုင်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်ပေး

လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းနှင့်စွမ်းဆောင်ရည်ပြည့်ဝစေရန် အခြေခံပညာကျောင်းများတွင် ရှေးဦးပြုစုခြင်းတတ်မြောက်မှုများမှတစ်ဆင့် ကျောင်းအတွင်းရှေးဦးပြုစုခြင်းအတတ်ပညာများ ပြန့်ပွားလာနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ လှိုင်မြို့နယ်အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၆)၌နိုဝင်ဘာ(၈)ရက်နေ့မှ နိုဝင်ဘာ(၁၀)ရက်နေ့ထိ (၃)ရက်ကြာသင်ကြားဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၁)ရပ်ကွက်၊ ဝမ်ကတ်ကျေးရွာ၊ ကွင်းအမှတ်(၄၂)ရှိ တောင်သူဦးယောရှဲန်၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်

တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲအခမ်းအနားကိုယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်း ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ​​ယနေ့ ​​နေ့လယ် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ်၊ အမှတ်(၈) (ရွှေဒါး)အခြေခံပညာ အထက်တန်းကျောင်းသပြေညိုခန်းမ၌ ကျင်းပပြုလုပ်သည်။

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည်(၁)နာရီအချိန်၌ နိုဝင်ဘာ(၁၇)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ် စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show)ပြုလုပ်ခြင်း

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show)ပြုလုပ်ခြင်း ဟိုင်းကြီးကျွန်း နိုဝင်ဘာလ ၁၀ မြို့နယ် (ပြန်/ဆက်)

ပေါင်းတည်မြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်း တိကျမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းတိကျမှန်ကန်စေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကပျဉ်းပင်ကန်ရပ်ကွက်နှင့် ဘွဲ့ပင်ကန်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to