ကျောက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းပေးအပ်ထောက်ပံ့ခြင်းများဆောင်ရွက်

ကျောက်ကြီး   နိုဝင်ဘာ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု ကပ်ကျေးဆိပ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့ပေးအပ်ခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အား/ကာမှူးက ပအို့ဝ်တိုင်းရင်းသားကျေးရွာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းစနစ်များအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး၊ ကာယအချိန်များ၌ ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဖူဆယ်ဘောလုံး၊ ခြင်းလုံး၊ ဘက်စကက်ဘောလုံးစသည့် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်