သင်္ဃန်းကျွန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

သင်္ဃန်းကျွန်း နိုဝင်ဘာ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကိုအသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  (၁၀၂)မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိဒေါ်ဝါဝါဝင်းမြိုင်က တက်ရောက်လာ‌သော လူငယ်လေးများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)မှ  စာရေးဆရာ‌ထီလာချစ်သူရေးသားသော  “မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာသော်” စာအုပ်အား ဆက်လက်ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေချစ်သူစာဖတ်ပရိသတ်‌ လူငယ်လေးများနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့‌ကြောင်း သတင်းရရှိသည်။

ဝါဝါ(သင်္ဃန်းကျွန်း)