သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံအထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

သံဖြူဇရပ် နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများအား အမှာစကားပြောကြားရာတွင် ကျောင်းသား/ သူများအား လိမ္မာယဉ်ကျေးမှုရှိစေရန်နှင့် ဝတ်စားဆင်ယင်မှုများကိုလည်း အမြင်တင့်တယ်စေရေး၊ ပညာရေး၌ထူးချွန်ရုံသာမက အားကစားတွင်လည်း  ထူးချွန်ထူးမြက်အောင်  ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ဆရာ/ ဆရာမ များအနေဖြင့်  ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအား အလေးထား  ဆောင်ရွက်ကြစေရေးနှင့်  လုံခြုံရေးအတွက်   အသိ သတိရှိကြစေရန် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပညာရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း လုပ်ငန်းရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်း ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၁၂၉) ဦးတို့ တက်ရောက်ခဲ့ကြပြီးသင်တန်းကာလကို (၁၀-၁၁-၂၀၂၂) ရက်နေ့မှ (၁၁-၁၁-၂၀၂၂) ရက်နေ့ထိ (၂)ရက်တာ နံနက်(၉)နာရီမှ ညနေ(၄) နာရိအထိသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)