ရသေ့တောင်မြို့၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမြို့မစျေးတွင် အသိပေးနှိုးဆော်

ရသေ့တောင် နိုဝင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဒေါ်မအေးသန်း၊ မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးလှကျော်သာတို့နှင့် ပူးပေါင်းပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ရှိ  မြို့မစျေးမီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၉ နာရီတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေး ကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊  အကြံပြုစစ်ဆေးခဲ့ကြပါသည် ယခုအချိန်သည်ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များ အား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့် မီးလောင်မှုဖြစ်ပွား ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည်တို့အား အသိပေး နှိုးဆော်ကြကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)