မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေး ဆောင်ရွက်

မုံရွာ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဥ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၈နာရီမှ ၉ နာရီအထိ   မုံရွာမြို့ မြဝတီရပ်ကွက် မိုဃ်းကောင်းဘုရားအနီး၌  သွားလာသော ပြည်သူများ အတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေ ဦးဆောင်မှုနှင့်အတူ  ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပါဝင်သောအဖွဲ့ အင်အား(၃၀)ဦး တို့က  ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask များ မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူများအား  Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask နာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)