ညောင်ဦး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရှိ ဒေသန္တရပြတိုက်ငယ်အတွင်း ပြသထားနိုင်ရန် ပုဂံဒေသထွက် ယွန်းသုံးဆင့်ဆွမ်းချိုင့်နှင့် ယွန်းပန်းအိုးကို ဧပြီ ၂ ရက် နံနက် ၈ နာရီက ဦးဘငြိမ်းယွန်းအရောင်းဆိုင်က လှူဒါန်းသည်။
ဒေသန္တရပြတိုက်ငယ်တွင် ပြသထားနိုင်ရန် ယွန်းပစ္စည်းလှူဒါန်းခြင်းကို ဦးဘငြိမ်းယွန်း ထည်လုပ်ငန်းမှ စတုတ္ထမျိုးဆက် ဦးအောင်ကျော်ထွန်းမှပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်ကလက် ခံရယူခဲ့ကာ ဒေသန္တရပြတိုက်ငယ်တွင် အလှူရှင်အား ကမ္ပည်းထိုးပြသထားကြောင်းသိရ သည်။
ခရိုင်ဒေသန္တရပြတိုက်ငယ်ထဲတွင် ပုန်းရည်ကြီးပြုလုပ်ပုံအဆင့်ဆင့်၊ ယွန်းထည် ပြလုပ်ပုံအဆင့်ဆင့်၊ ပလို့ငါးဆင့်ဆွမ်းအိုး၊ တင်းဝါးများ၊ ယွန်းထည်ပြုလုပ်ချိန်နှီးဖြာထားပုံ များ၊ ယွန်းဆွမ်းအုပ်၊ လောင်းလှေငယ်၊ ပုဂံဒေသထွက် ဇော်ဂျီရုပ်၊ ဘီလူးရုပ်၊ မှူးမတ်ရုပ်များ၊ အင်းကြင်းကျောက် လိပ်ရုပ်၊ ငါးရုပ်များ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြင်းထန်စွာ ငလျင်လှုပ်ခံခဲ့ရသည့် မှတ်တမ်းစာအုပ်များ ပြသထားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိသည့်အခါ စာငှားကတ်ပြုလုပ်၍ သုတ/ရသ၊ရုပ် ပြစာအုပ်များ၊ သတင်းစာမှတ်တမ်းများ၊ပြန်တမ်းများ ငှားရမ်းလေ့လာဖတ်ရှုနိုင်ပြီး၊ ဒေသန္တရပြတိုက်ငယ်တွင်လည်း ခင်းကျင်းထားသည့် ပစ္စည်းများလေ့လာနိုင်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူထံကသိရသည်။
ဒီပါလင်း