လှည်းကူး ဧပြီ ၂
လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ (၁၈) နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့ ညနေ (၅) နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားအသက် (၁၈) နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားများအား ဆုချီးမြှင့်ခြင်းနှင့် အသင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ဆုရရှိပြိုင် ပွဲဝင် (၄) သင်းမှ အသင်းသားများ၊ ပြည်သူလူထုစုစုပေါင်း (၅၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အိရွှေစင်လတ် (ပြန်/ဆက်)