မိုးညှင်းတက္ကသိုလ်၌ အမျိုးသားတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၂၀၂၄−၂၀၂၅) ပညာသင်နှစ် အမျိုးသားတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် တက္ကသိုလ်မိုးလုံလေလုံဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းကို ယနေ့နံနက်က ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့မဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းကိုယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.ကခွဲ(၁)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းသား/ သူများအား Biometric အချက်အလက်များ စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး၊ ဥပဒေအသိပညာပေးဟောပြောပွဲ တက်ရောက်၊ လူထုဖြန့်ပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ (၆) ရက်က ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အ.ထ.က (ပထက်) ကျောင်းတွင် ကျောင်းသား/ သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆)လ (ဒုတိယအကြိမ်) သင်တန်းဆင်း

ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၄ ပညာသင်နှစ် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လ (ဒုတိယအကြိမ်)သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်ကြားပေးလိုက်သည့် စာတွေ့/လက်တွေ့များကို အသုံးချပြီး မိမိတို့၏လက်တွေ့နယ်ပယ်အသီးသီးတွင် ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့် ပေါင်းစပ်ကာ ကောင်းမွန်ဆန်းသစ်သည့် အတွေးအခေါ်များဖြင့် ရက်ကန်းရက်ထည်များ ဖန်တီးရက်လုပ်ရောင်းချနိုင်သည့် လုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် အသိပညာပေးလက်စာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တို့ပူးပေါင်းပြီး ယနေ့နံနက် (၉) နာရီခွဲက အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမာန်တော်ကြီး၏ ဘုံငါးဆင့်၊ အမိုး နှင့် မျက်နှာကျက်ပြင်လည်ပြုပြင်မွမ်းမံပြီးစီး၍ ရေစက်ချအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့သာသနာ့ဗိမာန်တော်ကြီး၏ ဘုံငါးဆင့်၊ အမိုးနှင့် မျက်နှာကျက်များ ကာလရှည်ကြာလာသည်နှင့်အမျှ အဘက်ဘက်မှ ယိုယွင်းဟောင်းနွမ်းပျက်စီးစပြုလာပြီဖြစ်၍ မဟာမြိုင်သဲဖြူဆရာတော်ကြီး၏ မ,တည်ငွေနှင့်အတူ အများကောင်းမှုဖြင့် ပေါင်းစုကာ အသစ်ပြန်လည်မွမ်းမံပြီးစီးပြီဖြစ်သည့်အတွက် ယနေ့နံနက် (၉) နာရီအချိန်က သာသနာ့ဗိမာန်တော်ခန်းမ၌ ရေစက်ချအခမ်းအနား ကျင်းပခဲ့သည်။
Subscribe to