သာကေတမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီနှင့် သာကေတမြို့နယ် အားကစားနှင့်ကာယပညာကော်မတီတို့ ပူးပေါင်းကျင်းပသည့် သာကေတမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲအုပ်စုပွဲစဉ်များကို အောက်တိုဘာ ၁၃ ရက်နေ့က သာကေတမြို့နယ် အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊​ မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှိ ခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ (၃၂)ကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး (၃၂)ကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များလေ့ကျင့်ရေး(မွမ်းမံ)  သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက မြို့နယ်နေ ပြည်သူများအား လျှင်မြန်စွာအချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် စွမ်းရည်ပြည့်၀သည့်မီးသတ်တပ်ဖွဲ့၀င်များ အသင့်ဖြစ်နေစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၅ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့၌ ကျရောက်သော “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်” သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ  ၁၃ ရက်နေ့ နံနက် ၁၀ နာရီက မြိတ်မြို့ အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင် မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ သည်။

နမ့်စန်မြို့ ပန်လင်းဆိုင်ကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနကဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ဝမ်ပိန်းကျေးရွာအုပ်စု ပန်လင်းဆိုင်ကျေးရွာရှိ မတ်ကျန်းဌာနေပြည်သူ့စစ်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို အောက်တိုဘာလ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်း၌ ဆောင်ရွက်ခဲ့သည်။

ဖျာပုံမြို့နယ်တွင် ကော်ဖီပင်ဧက(၁၀၀) စိုက်ပျိုးသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ သီးနှံစွမ်းအားတိုးတက်မြင့်မားလာစေရေး၊နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာ တိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ မယ်ညိုကျေးရွာ၊ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ် ၂၅/၇ရှိ တောင်သူဦးမျိုးမြင့်၏ ဥယျာဥ်ခြံမြေတွင် ပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့(အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။
Subscribe to