သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က သရက်ချောင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မဲရုံတာဝန်ကျ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ယနေ့မှစ၍ လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to