မိတ္ထီလာမြို့ အ.ထ.က(၁) ၌ ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)တွင် ကျင်းပရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့် မြတ်စွာဘုရားတွင် ဗုဒ္ဓဒေသနာများ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ ဇမ္ဈူ့ထိပ်ခေါင်ရန်မျိုးအောင်မြတ်စွာဘုရားတွင် ယမန်နေ့က ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် လှူဒါန်းပူဇော်ဆက်ကပ်ခြင်းတို့ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ဒေသအခေါ်(ရှမ်းပြောင်းဖူး)များ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ပြောင်းဖူးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ကရသူရိမြို့ ၌ ကျောင်းသား/ သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အရုပ်ခေါက်ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး အရုပ်ခေါက်ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၉)နာရီက  Pyae စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အာနန္ဒာဘုရားကြီး၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းမှစတင်ကာ ဘုရားကြီး တောင်ဘက်မုခ်တွင် သံဃာတော်၊ အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်းဖြင့် စတင်မည်ဖြစ်ကြောင်း အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံမှ သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သရက်မြို့နယ်၌ သမဝါယမအသင်းစု လီမိတက်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ချမ်းမြေ့ငွေကြေးသမဝါယမအသင်းစုလီမိတက်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က ရွှေဘုံသာခန်းမ၌လည်းကောင်း မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုခန်းမတွင် နေ့လည် (၁) နာရီအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်၌ နေကြာစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

သရက်မြို့နယ် ရေဘွက်ကျေးရွာ ရေဘွက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းက စိုက်ပျိုးထားသော ရေဆင်းစပ်မျိုး ၁ နေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ “မွေးကင်းစအရွယ်မှ ၂ နှစ်အရွယ် ကလေးများ၏  ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပြိုင်ပွဲ” အခမ်းအနားကျင်းပ

မဟာအောင်မြေမြို့နယ်၊‌ ရွှေဘုန်းရှိန်ရပ်ကွက်၊ မြို့နယ် မိခင်နှင့်ကလေးအသင်းပိုင် သားဖွားခန်း(၁)၌ "မွေးကင်းစအရွယ် မှ ၂ နှစ်အရွယ် ကလေးများ၏  ခန္ဓာကိုယ်ဖွံံ့ဖြိုးမှုပြိုင်ပွဲ "အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းဦးစီး၍ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မမနှင့်အဖွဲ့၀င်များ၊ မန္တလေးတိုင်း‌ ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့၀င်များ၊ မဟာအောင်မြေခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်၀င်းဝင်းသန်းနှင့်အဖွဲ့၀င်များ၊ မဟာအောင်မြေမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့၀င်များ တက်ရောက်ခဲ့ပြီး မိခင်နှင့်ကလေးအသင်းပိုင်သားဖွားဆရာမများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ပြိုင်ပွဲ၀င် ကလေးငယ်များအား “အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း” များ ဆောင်ရွက်ခဲ့ပြီး ဆုရရှိကလေးများအား ဆုများချီးမြှင့်ပေးခဲ့သည်။
Subscribe to