မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်စာပေ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲ အခမ်းအနားကျင်းပ

မက်မန်း ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ ဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်နှင့်စာပေ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က “ကျောင်းသား/ကျောင်းသူ လူငယ်များ အနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေ ဗဟုသုတများ ရရှိစေရန်အတွက် စာကြည့်တိုက်များတွင် စာအုပ် စာစောင်များ ငှားရမ်းဖတ်ရှုလေ့လာသင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် စာပေ၏အရေးပါပုံကို သိရှိနိုင်စေရန် “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်  အကျယ်တစ်ဝန်း ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က လူငယ်နှင့်စာပေ အသိပညာပေးဟောပြေပွဲ လာရောက်ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် လူငယ်နှင့်စာပေ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာ‌ပေး စာအုပ်စာစောင်ပြပွဲကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။   

ခရိုင်(ပြန်/ဆက်)