ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်ပေါင်းစုံ အလွတ်တန်း(ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေက ခနောင်တိုအရှေ့ရပ်ကွက်ရှိ (ဖူဆယ်)ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ်လွင်က ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲဝင်များက ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ရပ်ကွက်ပေါင်းစုံ အလွတ်တန်း(ဖူဆယ်)အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ရပ်ကွက် ၉ ရပ်ကွက်ကိုယ်စားပြု ဘောလုံး အသင်း ၉ သင်းမှ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ပတ်လည်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဆမားဒူးဝါးရပ်ကွက်ကပထမ၊ ချောင်းဝိုင်း လေးရပ်ကွက်က ဒုတိယခနောင်တိုအနောက်ရပ်ကွက်က တတိယနှင့် ခနောင်တိုအရှေ့ရပ်ကွက်က နှစ်သိမ့်ဆုများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)