ကလေးဝမြို့တွင် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကလေးဝ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို‌ ယနေ့နံ နက် (၈)နာရီက လူစည်ကားရာဖြစ်သည့် မြို့မဈေးရှေ့တွင် အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများ ပါ၀င်ကာ စောင်ရေ (၂၀၀)ကို ဖြန့်ဝေခဲ့သည်။

ထိုသို့ လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌ ကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များ ပူး‌ပေါင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)