ကန်ကြီးထောင့်မြို့နယ် ၊ ဝဲချောင်းကျေးရွာ တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ကန်ကြီးထောင့် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာ၌ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် မြစ်ရေတိုက်စားမှု​ကြောင့် မြစ်ကမ်းပါးပြိုကျခဲ့ရာ  ဆန်စက် ဂိုထောင် (၁) လုံးနှင့် ဝါးနေအိမ်တစ်လုံး မောင်းတီးမြစ်အတွင်းသို့ မျှောပါသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ  ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာနေ ဦးခင်ဦး ပိုင်ဆိုင်သော အလျား  ပေ ၆၀၊  အနံ ပေ ၃၀ ရှိ ဆန်စက်ဂိုထောင်  (၁) လုံး၊ နှင့် ဦးသန်းထွေး  ပိုင်ဆိုင်သော ဓနိမိုး ၊ ဓနိကာ ဝါးအိမ် (၁) လုံးတို့မှာ နိုဝင်ဘာလ (၁၅) ရက်နေ့ နေ့လယ် အချိန်တွင် မြစ်ကမ်းပါးပြိုကျသဖြင့် မောင်းတီးမြစ်အတွင်းသို့ မျှောပါသွားခဲ့​ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါအိမ်ထောင်စု (၂) စုနှင့် မြစ်ကမ်းပါးအနီးတဝိုက်နေ အိမ်ထောင်စုဝင်များအား ဘေးလွတ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူရွာသားများမှ ပြောင်းရွှေ့ထားရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

 မဇင် (ပြန်/ဆက်)