စုကလိမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခြင်းနှင့် မူလတန်းအဆင့်စွမ်းရည်ပြိုင်ပွဲကျင်းပ
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက်ပိုင်းက အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းသိကောင်းစရာများအား အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။