ပန်ဆိုင်း(ကြူကုတ်)မြို့ အထကကျောင်းနှင့် အမကစာသင်ကျောင်းများတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်

ပန်ဆိုင်း နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အ.ထ.က၊ အ.မ.က ကျောင်းများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အ.မ.ကကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မာဖြိုးက အမျိုးသားနေ့ဆောင်ပုဒ်များ၊ ဦးတည်ချက်များ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ထာဝရရှင်သန်ထက်မြက်စေရေးနှင့် ရန်ကုန်ယူနီ ဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး စသည့်အကြောင်းအရာများ အသိပညာပေးဟောပြောခဲ့သည်။ ထို.နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊  နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ပန်ဆိုင်း (ပြန်/ဆက်)