မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

မိုင်းခုတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အမျိုးသားရေးစိတ်ဓာတ် ရှင်သန် တက်ကြွစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ် ရိုက်ကူးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃၊ ဒေါ်ဇင်မီမီထွန်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်းများ၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေအကြောင်း၊ ပထမ ကျောင်းသားသပိတ်ဖြစ်ပေါ်လာပုံနှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ဗီဒီယိုဖိုင်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)