ပန်းတနော်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ပန်းတနော်၊ နို၀င်ဘာ   ၁6

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုမောင်က နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မြစိန်က ၁၉၂၀ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ကျောင်းသား/သူများ မနှစ် သက်သည့်အတွက် သပိတ်မှောက်၍ဖြစ်ပေါ်လာသောနေ့တစ်နေ့ဖြစ်ပါကြောင်း၊ ၁၉၂၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုတဿန်ကောလိပ်နှင့် ရန်ကုန်ကော လိပ်ဟူ၍သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ရန် အတွက် ရန်ကုန်တက္ကသိုလ်အက် ဥပဒေကိုရေးဆွဲရာတွင် ချမ်းသာကြွယ်၀သော မိသားစု၀င် များ၏ သားသမီးများ သာသင်ယူစေခြင်း၊ တက္ကသိုလ်အပ်ဥပဒေအရ ကျောင်းသားဦး ရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ် ကျောင်းစား ဖြစ်ရမည်ဟုသတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရ ရေးဆွဲထားသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သည့်အတွက် ကျောင်းသား/သူများက သပိတ်မှောက်ခဲ့ရာ တစ်နိုင်ငံလုံးရှိပြည်သူများ ပါ၀င်လာခဲ့ကြသည်။ စတင်သပိတ်မှောက်သောနေ့ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ  ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သက်မှတ်ခဲ့ကြောင်းစသည့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ဆွေးနွေခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)