(၂၃) သုံးကြိမ်မြောက် မိုးပေါ်ကျဘုံကထိန် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ညောင်ဦး  နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ (၂၃) ကြိမ်မြောက် ဌာနဆိုင်ရာများ စုပေါင်းကျင်းပသည့် မိုးပေါ်ကျ ဘုံကထိန်၊ ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

(၂၃)ကြိမ်မြောက် မိုးပေါ်ကျဘုံကထိန်ရေစက်ချ မင်္ဂလာအခမ်းအနားတွင် ပင့်သံဃာရှင် သူမြတ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ ဝန်းထမ်းများသည် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရေစက်ချမင်္ဂလာ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့ မဟာဝိသုတာရာမတိုက်သစ်၊ မြို့နယ်ဩဝါဒါ စရိယဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြကာ မဟာဝိသုတာရာမတိုက်သစ်၊ မြို့နယ်ဩဝါဒါ စရိယဆရာတော် ( အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်ချအမျှအတန်း ပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ (၂၃) ကြိမ်မြောက် မိုးပေါ်ကျဘုံကထိန် ရေစက်ချမင်္ဂလာအခမ်းအနား ပြီးမြောက်အောင်မြင်သည်။ ဆက်လက်၍ ဆရာတော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

အဆိုပါ မိုးပေါ်ကျဘုံကထိန် ရေစက်ချမင်္ဂလာအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက် ရောက်ကြကာ ဧည့်ပရိတ်သတ်များအား နေ့ခင်းစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ ကြောင်းသိရသည်။ (၂၃) ကြိမ်မြောက် မိုးပေါ်ကျဘုံကထိန်ကို ကထိန်သင်္ကန်းမရရှိခဲ့သည့် ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ မကျည်းစုဓမ္မရိပ်သာကျောင်းနှင့် ညောင်ဦးမြို့ အမှတ်(၅)ရပ်၊ ရွှေစေတီတောင်ကျောင်းတို့တွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ