တွန်းဇံမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြိုင်ပွဲကျင်းပ

 

တွန်းဇံ နိုဝင်ဘာ ၁၆

ချင်းပြည်နယ် တွန်းဇံမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။  ထိုသို့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ကျင်းပရာ၌ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၁၀) ဦး၊ အလယ်တန်းအဆင့် (၁၇) ဦးနှင့် မူလတန်းအဆင့် (၂၅) ဦး စုစုပေါင်းကျောင်းသားကျောင်းသူ (၅၂) ဦးတို့ကလည်းကောင်း၊ ကျပန်းစကားပြိုင်ပွဲတွင် အထက်တန်းအဆင့် (၅) ဦး၊ အလယ်တန်းအဆင့် (၇) ဦး၊ စုစု‌ပေါင်းကျောင်းသားကျောင်းသူ (၁၂) တို့ကလည်းကောင်း အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၁၀၂) နှစ်မြောက်  အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိသူ‌များအား နိုဝင်ဘာလ ၁၇ ရက်နေ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများကိုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)