အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ နိုဝင်ဘာဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အမျိုးသမီးများ၏ တန်ဖိုးခေါင်းစဉ်ဖြင့် Book Club  အဖွဲ့စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းကျင်းပရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် Book Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များက သုတပဒေသာ  စာစောင်မှ တန်ဖိုးရှိသော အမျိုးသမီများ(သို့) အမျိုးသမီးများ၏ တန်ဖိုးခေါင်းစဉ်ပါဆောင်းပါးမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ ထူးချွန်ထက်မြတ်သည့် အမျိုးသမီးများအကြောင်း၊ မိန်းမမြတ်များ၏ မေတ္တာစေတနာနှင့် စိတ်ထားမွန်မြတ်မှု၊ မြန်မာအမျိုးသမီးများ၏ ဘာသာသာသနာ အကျိုးဆောင်ရွက်မှု၊ အမျိုးသားများနှင့် တန်းတူအောင်မြင်မှု ရယူနိုင်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် အသိပညာပေး Talk Show များ၊  စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်