ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ကျောက်မဲ နိုဝင်ဘာ ၁၆

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက “အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ဖော်ပြထားပြီး သုတ၊ ရသစာအုပ် (၃၀၀) ခန့် အား ပြသခဲ့ရာ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

မိုင်းထွန်း(ပြန်/ဆက်)