ရေဦး နို၀င်ဘာ ၁၆
၂၀၂၂ ခုနှစ် နို၀င်ဘာ ၁၇ ရက် နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရေဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အင်ကြင်းဆောင်တွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပညာရေးဌာန မြို့နယ်ပညာရေးမှူး ဦးကျော်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်တို့က ပြိုင်ပွဲအလိုက် လိုက်နာကြရမည့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က(၁)၊ အ-ထ-က (၂) ကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများတွင် ဆုရရှိသူများအား အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)