ဘူးသီးတောင် နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့နယ် နန်းရာ ကုန်း ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မောင်တောခရိုင် စိုက်ပျိုးရေးဦးစီးမှူးဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နှင်းထွေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး ရိတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ကြရာ တောင်သူဦးအေဆက်နုလ္လာ၏ ကွင်းအမှတ်(၃၂၆A) ဦးပိုင်အမှတ်(၁၄/၁)၌ စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုး(၁၀၀)ဧကအား (၀.၁၀)ဧကကိုယ်စားပြုစံကွက်ကို CombinedHarvester (ရိတ်သိမ်းခြွေလှေ့စက်)ဖြင့် ရိတ်သိမ်းခဲ့ရာတစ်ဧကအစိုအထွက်နှုန်း (၁၁၂.၉၈)တင်းနှင့် အခြောက် အထွက်နှုန်းမှာ (၁၀၃.၂၆)တင်းထွက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂- ၂၀၂၃ခုနှစ်မိုးစပါးစိုက်ဧကမှာ (၅၃၉၁)ဧကရှိပြီး စပါးအထွက်နှုန်းမှန်ကန်ရေးအတွက် နန်းရာကုန်းကျေးရွာအုပ်စု၊ ကွင်း အမှတ်(၃၂၆A)၌ အကျိုးဆောင်တောင်သူ(၂၈)ဦးတို့၏ လယ်မြေတွင်တောင်သူပညာပေး အဖြစ်မိုးစပါး ဧကတင်း(၁၀၀)အထက်ရရှိရေး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်းစံပြကွက်(၁၀၀)ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။
လှကျော်( ပြန်/ဆက်)