တိုက်ကြီး နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း မီးလောင်ခြင်း၊ မီးလန့်ခြင်းများမဖြစ်ပွားစေရေး ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို မြို့နယ်မီးသတ်ဉီးစီးဌာနမှ ယမန်နေ့ညနေ ၃ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးဇော်ချစ်ထက် ဉီးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက တိုက်ကြီးမြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသည်ယာဉ် ၁ စီးတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)