သန်လျင် နိုဝင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေးတာဝန်၊ ယနေ့မျိုးဆက်သစ်လူငယ်များ ထားရှိရမည့် အမျိုးသားရေးအားမာန်၊ တိုင်းရင်းသားပြည်သူအားလုံး အကျိုးစီးပွားဖြစ်သည့် အမျိုးသားအကျိုးစီးပွားကို မျိုးချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်အခြေခံ၍ ဆောင်ရွက်သွားနှိုင်ရေးစသည့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သိကောင်းစရာများကို သန်လျင်မြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှုး ဦးသော်ဝင်းကြည်(သော်ဝင်းကြည်-ရေနံချောင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုတို့က အပြန်အလှန်ဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲ ခင်းကျင်း၍ အသိပညာပေးပြသထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)