အထက(မိုးညို)တွင် (၁၀၂)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းနား ပြုလုပ်

မိုးညို   နိုဝင်ဘာ  ၁၆

၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက(မိုးညို) သရဖူခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းဦး က အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ သိကောင်းစရာများအား ပြောကြားခြင်း၊ အထက(မိုးညို)မှ ဆရာမ ဒေါ်လွင်လွင်မာ က တက္ကသိုလ်ကျောင်းသာများသပိတ်နှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံအား ဟောပြောခြင်းနှင့် Grade-8 နှင့် Grade-9 မှ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာကြီး ဦးလှဝင်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)