မိတ္ထီလာမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ရာ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။