အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် G-5 နှင့်အလယ်တန်းအဆင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် G-5 နှင့် အလယ်တန်းအဆင့် G-9 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(အုတ်တွင်း) ကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူး(မွမ်းမံ)သင်တန်းပြုလုပ်၍ မဲပေးစက်များ စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး(မွမ်းမံ)သင်တန်း ပို့ချခြင်းနှင့် မဲပေးစက်များ စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ‌

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ​အပိုင်း (၁) ​အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးကြပ်၍ မဲပေးစက်၊ စက်ကိုင်များအား မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကေတုရတနာခန်းမနှင့် အ.ထ.က (၄) ကျောင်းတို့၌ မွမ်းမံသင်တန်းဖွင့်လှစ်သည်။

တောင်ကြီးမြို့၌၂၀၂၅ ခုနှစ်၊ ဖိတ်ခေါ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်တို့ ပူးပေါင်းကျင်းပသော ဒီဇင်ဘာလူထုအားကစားလှုပ်ရှာမှုအထိမ်းအမှတ် (အလွတ်တန်း) ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက ကုသ‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၅ ခုနှစ်၊ မြို့နယ်အဆင့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၅ ခုနှစ်၊ မြို့နယ်အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျုံဒရယ်ကျေးရွာအုပ်စု၊ ၁၀၈ တောင်သာသနာ့နယ်မြေတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရည်မွန်နှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသများ၊ ကရင်တိုင်းသား၊ တိုင်းရင်းသူများက တက်ရောက်ခဲ့ကြသည်။

ကလေးဝမြို့ပေါ်ရှိ မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Subscribe to