ရွှေပြည်သာမြို့နယ်၌ (၁၀)နှစ်မြောက် အလိမ္မာဥယျာဥ်သဇင်အောင်စာကြည့်တိုက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အလိမ္မာဥယျာဥ်သဇင်အောင်စာကြည့်တိုက် (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။

တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုးကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်း‌ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းအား လိုက်လံအသိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်များအတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ချက်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက်မွန်းလွဲ ၃ နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ဆွမ်မရမ်းကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ဆွမ်မရမ်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်က စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများ ကျန်းမာရေးဗဟုသုတများပိုမိုရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့နယ် မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ (၃) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဒေသအဆင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်းဘုတ်များ လိုက်လံစိုက်ထူပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်းဘုတ်များ လိုက်လံစိုက်ထူခြင်းကို ယမန်နေ့က သီရိမင်္ဂလာလမ်းနှင့် အောင်သုခလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့်ဗုဒ္ဓဘိသေက အနေကဇာတင် လှူပွဲ အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက်(၆)နာရီက သတ္တဌာနဘုရားကြီး မြတ်စွယ်တော်တိုက်တွင် ကျင်းပခဲ့သည်။

ရွှေစက်တော် ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ မင်းဘူးမြို့နှင့် ဆက်စပ်ဒေသများသို့ လာရောက်သူများပြားနိုင်

ယခုနှစ် ရွှေစက်တော်ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များအနေဖြင့် မင်းဘူးမြို့နှင့် ဆက်စပ်နေသည့် အထင်ကရ နေရာများသို့ လာရောက်လေ့လာလည်ပတ်သူ များပြားနိုင်ကြောင်း ရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ရေးကော်မတီထံမှ သိရသည်။
Subscribe to