သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် (၄၁) ကြိမ်မြောက် (၅)မြို့နယ် စာပြန်စာမေးပွဲကြီးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားလမ်းမ ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် သီလရှင်များအလုပ်အမှုဆောင်အဖွဲ့နှင့် သာသနဟိတကာရီအမျိုးသမီးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် (၄၁) ကြိမ်မြောက် (၅) မြို့နယ် စာပြန်စာမေးပွဲကြီးအား ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ်၁နာရီက သင်္ဃမိတ္တာကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။