ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် ပျော်ဘွယ်မြို့နယ်၌ မဲပေးစက်များပြင်ဆင်ထားမှု မဲရုံများပြင်ဆင်ထားမှုတို့အား ကြည့်ရှုအားပေး

ပျော်ဘွယ် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယမန်နေ့ နေ့လယ် ၁၂ နာရီက ပျော်ဘွယ်မြို့သို့ရောက်ရှိပြီး မဲပေးစက်များထိန်းသိမ်းထားမှု၊ မဲရုံများပြင်ဆင်ထားမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် မြန်မာအီလက်ထရောနစ်မဲပေးစက်များထိန်းသိမ်းထားမှု၊ ဘတ္ထရီများအသင့်ပြင်ဆင်ထားမှုတို့ကိုကြည့်ရှုပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာခိုင်တို့က စက်ပစ္စည်းများအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြင်းဘက်ရပ်ကွက်နှင့် ရွှေပြည်ရန်အောင်ရပ်ကွက်တို့တွင် မဲရုံအဖြစ်ကျင်းပပြုလုပ်မည့် စာသင်ကျောင်းများသို့သွားရောက်ကာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးနိုင်ရန်ကြိုတင်ပြင်ဆင်ထားမှုအားကြည့်ရှုပြီး ရွေးကောက်ပွဲကြီးအေးချမ်းတည်ငြိမ်အောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)