ချောင်းဆုံ နိုဝင်ဘာ ၁၉
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးမှုအခြေအနေမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေး ဆွေးနွေးပွဲ (Talk Show) ကိုပြုလုပ်သည်။
ရှေးဦးစွာ (ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာ ကဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မီးသတ်ဦးစီးဌာနမှ လုပ်ငန်းတာဝန်၊ ဌာန၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မီးဘေးလုံခြုံရေးဆိုင်ရာရှောင်ရန်/ရှောင်ရန်အချက်များ၊မီးသတ်ဦးစီးဌာနမှအကောင် အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ သဘာဝဘေးနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသည့်အခြေအနေ မီးသတ်ဆေးဗူးသုံး စွဲနည်း စသည့် အကြောင်းအရာများကို မေးမြန်းရာ မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦးက အသေးစိတ် ဆွေးနွေးပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ကဏ္ဍနှင့် ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာအစီ အစဉ်ဖြင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ စက္ကူခေါက် အစီအစဉ်များကို Online မှ တဆင့် ပြန်/ဆက်ရုံး စာကြည့်တိုက် Page ဖြင့် စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးလျက်ရှိကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)