ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် စည်ပင်သာရပ် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှု အသင်း ဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် စည်ပင်သာရပ် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ နက်ပိုင်းက တောင်ဖီလာကျောင်း တိုက်အတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး တောင်ဖီလာကျောင်းတိုက် ဆရာတော်ဦးပညာဝံသ က ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အေးမြမေတ္တာ စည်ပင်သာ အသင်းသား အသင်းသူ များအနေနဲ့ စည်းစည်းလုံးလုံးဖြင့် ရေရှည်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား မိန့်ကြားသည်။

ထို့နောက် အသင်း၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် မော်တော်ယာဉ်လှူဒါန်းသည့် အလှူရှင်ဒေါ်ခင်အေးရီ မိသားစုကို တောင်ဖီလာ ကျောင်းတိုက်ဆရာတော် ဦးပညာဝံသက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပြီး၊ အခြား အလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ယင်းနောက် အသင်းနာယက ဦးအေးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပင့်ဖိတ်ထားသော ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ အေးမြမေတ္တာစည်ပင်သာ ကျန်းမာရေးစောင့်ရှောက်မှု အသင်း၏ မိတ်ဖက် အဖွဲ့အစည်း ၃၀  ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်