လွိုင်လင် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်နောက်ကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၁-ခ) ဟိုတင့်ရွာအရှေ့မြောက်ကွင်း ၊ ဦးပိုင်အမှတ် (၄), ဧရိယာ (၀.၆၈)ဧက ရှိ တောင်သူ ဦးတမက်၏ ဧည့်မထအထွက်ကောင်းစိုက်ပျိုး သောလယ်ကွက်တွင် စုပေါင်းရိတ်သိမ်းရာ စပါးအခြောက်ထွက်နှုန်း တစ်ဧက (၅၈.၄၈) တင်း ထွက်ရှိကြောင်းသိရသည်။
အဆိုပါမိုးစပါးစံကွက်စုပေါင်းရိတ်သိမ်းခြင်းသို့ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးကျော်မင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဆွေနှင့် ဝန်ထမ်းများက စုပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းကြကြောင်း မြို့နယ်လယ်ယာမြေစိမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှသိရသည်။
ခရိုင်ပြန်/ဆက်