ကျောက်ကြီး နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က တောင်သူဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆောင်းဆီထွက်နေကြာသီးနှံ အထွက်နှုန်း တိုးတက်ရေး စိုက်ပျိုးနည်းစနစ်များနှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန် ဓါတ်မြေသြဇာ အသုံးပြုပုံများ၊ ဆောင်းသီးနှံ ပဲမျိုးစုံသီးနှံတွင်ယူရီးယားနှင့် လက်ချားအသုံးပြုပုံများကို ရှင်းလင်း ပြောကြားပြီး၊ ဓါတ်မြေသြဇာအားအကျိုးရှိစွာအသုံးပြုပုံကို အခမ်းအနားသို့တက်ရောက်လာ ကြသော တောင်သူများအနေဖြင့် ကိုယ်တိုင်လုပ်ဆောင်ကြည့်နိုင်ကြပါရန်နှင့်မိမိ ပတ်ဝန်းကျင်ရှိ တောင်သူများအား နည်းပညာများဖြန့်ဝေပေးကြပါရန်တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍၊အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက နွေစပါးစိုက်တောင်သူများလက်ဝယ် သို့ ယူရီးယားဓါတ်မြေသြဇာအိတ်များပေးအပ်ခြင်းနှင့် ဆောင်းသီးနှံ မျိုးစေ့ချကရိယာဖြင့် သရုပ်ပြခြင်းများပြုလုပ်ပြီး ၊နွေစပါးစိုက်တောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာများကို (၂)ဧကလျှင် (၁)အိတ်နှုန်း သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး၊ နွေစပါးစိုက်ဧက ၁၂၉ ဧက အတွက် ၆၄.၅အိတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးကသိရသည်။
မြို့နယ်ပြန်/ဆက်